JellyPages.com

ဆုံချင်ပြီ

အနေဝေးတယ်ပြောရအောင်လဲ
နဂိုတည်းက ဒီအကွာအဝေးနဲ့
စိတ်မချဘူးပြောရအောင်လဲ
သေချာတောင်မြင်ဖူးတာမဟုတ်
ဘာကြောင့် ဘယ်လို ချစ်ခဲ့လဲ
မသိတော့ပေမယ့်
အချိန်တွေကြာတော့လဲ
အပြစ်ပဲ ဖြစ်လာသလိုလို
အချစ်ပဲ မဟုတ်သလိုလို
စိတ်ကူးယဉ်လောက ထဲ
ဘယ်တည်းက ချာချာလည်ခဲ့လဲ တွေးလိုက်တိုင်း
အိပ်မက်လိုလို ...
တကယ်လိုလို....
ဘာကြောင့်ရေယ် မဆိုတတ်ပေမယ့်
အဲဒီလို ကြီး မဖြစ်ချင်တော့ဘူး.....။
                                    Cuckoo

No comments:

Post a Comment