JellyPages.com

မျှော်လင့်နေမိသူ

အိုဘယ့် သခင်
လတစ်ရာ နေတစ်စင်း
အလင်းကို မျှဝေခံစားရမှာထက်
မှောင်မိုက်ည ကိုသာ ပိုင်ဆိုင် ပါရစေ..။
အလင်း မရှိတဲ့ဘဝ
ခေါင်ခိုက်အောင် အေးစက်ပေမယ့်
သခင် နဲ့ ဝေးရာ
ပြေးထွက်မသွားနိုင်တာမို့
အကောင်းဆုံး ကိုလိုချင်ပေမယ့်
အဟောင်း အသိုး ကိုပဲ ကြိတ်မှိတ် မြိုချရင်း
အလင်းပြန်ရောက်ဖို့
အမှောင် က စောင့်ပါရစေ.....။
Cuckoo

No comments:

Post a Comment